Qinling Mountains
ဒဏ္ဍာရီတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် တောင်ထဲက လျှို့ဝှက်ဂူကို ဖွင့်ပြီး ရတနာတွေကို အပိုင်ယူချင်သူတွေ ရှိနေကြတယ်။ ရှေးဟောင်းသုတေသနနေရာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ရှာဖွေတဲ့ ချီရှမ်းဝမ်နဲ့အဖွဲ့ဟာလည်း အဲဒီတောင်ပေါ်က ဂူထဲမှာ ရှေးဟောင်းကျောက်ထွင်းစာတစ်ချပ်ကို တွေ့ခဲ့ပါတယ်။ ဂူထဲမှာ သုတေသနလုပ်နေတုန်း ပေါက်ကွဲမှုဖြစ်ပြီး ချီရှမ်းဝမ်တစ်ယောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။ ဒဏ်ရာရထားလို့ ရွာတစ်ရွာမှာ အနားယူနေချိန်မှာပဲ ဓားပြတွေက ရွာကို ဝင်စီးလာကြပါတယ်။ သူတို့ကလည်း ချင်းလင်တောင်ထဲက ရတနာတွေကို လိုချင်နေကြသူတွေပါ။ ဓားပြတွေအပြင် လူနှစ်ရပ်စာလောက်ကြီးတဲ့ ထူးဆန်းတဲ့ပင့်ကူတွေပါ ပေါ်လာတဲ့အခါ ချင်းလင်တောင်က ရတနာတွေ ဘာဖြစ်သွားမလဲ။ ပင့်ကူကြီးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ရွာသားတွေကိုရော ဓားပြတွေလက်က ကယ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း