Harsh Times
ဂျင်မ်နဲ့ မိုက်ခ်ဟာ ညီအစ်ကိုတွေလို ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ မိုက်ခ်က အလုပ်လက်မဲ့ဖြစ်နေပြီး ဇနီးဖြစ်သူက အလုပ်ထွက်ရှာဖို့ တတွတ်တွတ်ပြောနေတာကြောင့် စိတ်ညစ်နေရတယ်။ ဂျင်မ်ကတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ပြန်ရိန်းဂျားတစ်ယောက် ဖြစ်ပါတယ်။ စစ်ပွဲမှာ လူသတ်ရတာ ဘယ်လိုခံစားရလဲလို့ မိုက်ခ်က မေးတိုင်း အဲဒီမှာ ကြုံခဲ့သမျှက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ဂျင်မ်က ပြောတတ်တယ်။ အခု ဂျင်မ်မှာ ချစ်သူ မက်ဆီကန်မလေး မာတာလည်း ရှိနေပါပြီ။ အယ်လ်အေရဲတပ်ဖွဲ့မှာ အလုပ်ရတာနဲ့ မာတာကို အမေရိကန်ဆီ ခေါ်ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ အေးအေးချမ်းချမ်း နေရတော့မယ်လို့ ထင်ထားချိန်မှာပဲ သူ့အတိတ်ဆိုးက ပြန်လိုက်လာပါတယ်။ ဂျင်မ် ဘာတွေကြုံရမလဲ၊ သူ့နောက်ကို လိုက်ပါနေတဲ့ မိုက်ခ်ကရော ဘယ်လိုကြားညပ်မိမလဲဆိုတဲ့ အခြေအနေကို ဆက်ပြထားတာပါ။ Christian Bale က ဂျင်မ်အဖြစ် သရုပ်ဆောင်ထားသလို ပရိုဂျူဆာအဖြစ်လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း