ဇာတ်ကားများ ရွေးရန်

Righteous Ties

2006ဇာတ်ကားအမှတ် 6.4/10126 မိနစ်

ဆွန်းထန်၊ ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက် ဖြစ်ပါတယ်။ သေနတ်မသုံးတဲ့ ဂိုဏ်းစတားတွေကြားမှာ ကျင်လည်ရင်း ဂိုဏ်းတစ်ဂိုဏ်းတည်းရဲ့ အားကိုးရတဲ့ ညာလက်ရုံးတွေ ဖြစ်လာကြတယ်။ သုံးယောက်စလုံးက စိတ်မြန်လက်မြန်နဲ့ တဇွတ်ထိုးလုပ်တတ်ကြပြီး ခြေသွက်လက်သွက်လည်း ရှိတာကြောင့် ဂိုဏ်းလောကမှာ လူရှိန်ကြသူတွေပါ။ ကိုယ့်ဂိုဏ်းအတွက်ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ရှိတဲ့ ဒီသူငယ်ချင်းတွေဟာ တစ်နေ့မှာတော့ သူတို့ဆရာရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရပါတယ်။ ဒီလောက် သစ္စာရှိခဲ့သူတွေ သစ္စာဖောက်ခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို အက်ရှင်၊ ဟာသနဲ့ အလွမ်းအဆွေး ရောပြီး တင်ဆက်ထားတယ်။ Investigation Couple ထဲက ဒေါက်တာ ဘဲ့ဘုန်းအဖြစ် လူသိများတဲ့ Jung Jae Young ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း