Thatrom Thookrom
ပုလင်းခွံကောက်ပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ သူငယ်ချင်းသုံးယောက်မှာ ပိုကောင်းတဲ့ဘဝတစ်ခု ရချင်တဲ့ အိပ်မက်ရှိပါတယ်။ လူတကာက သူတို့ကို နှာခေါင်းရှုံ့ကြပေမယ့် သူတို့အပေါ် ချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်။ သူတို့သုံးယောက် ဖြစ်ချင်တာက ပိုက်ဆံကို ရိုးရိုးသားသားရှာပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ပါ။ နိုင်ငံခြားသွားဖို့ ရူပီးသုံးသိန်း လိုနေတော့ သူငယ်ချင်းရဲ့ အကူအညီနဲ့ အရက်သယ်တဲ့ကား မောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီကနေ ဆက်သွားတဲ့ ဇာတ်လမ်းမှာ နိုင်ငံရေးအရှုပ်အထွေးတွေအပြင် ငွေဖြူငွေမည်း၊ ငွေတုနဲ့ အရက်တုကိစ္စတွေပါ ရောယှက်လာပါတယ်။ ၂၀၂၀ ခုနှစ်ထွက် တမီလ် အက်ရှင်ဒရမ်မာဖြစ်ပြီး အက်ရှင်ခန်းတွေကို အလွန်အကျွံ မသုံးထားဘဲ ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေကိုလည်း အသားပေးထားပါတယ်။
ဇာတ်လမ်းအကြောင်း