ဇာတ်ကားများ ရွေးရန်

Foxhole

2021ဇာတ်ကားအမှတ် 4.5/1095 မိနစ်

အမေရိကန်ပြည်တွင်းစစ်၊ ပထမကမ္ဘာစစ်နဲ့ အမေရိကန်–အီရတ်စစ်ဆိုတဲ့ စစ်ပွဲသုံးခုကို နောက်ခံထားပေမယ့် Foxhole မှာ အကြီးအကျယ် တိုက်ခိုက်ကြတဲ့ မြင်ကွင်းတွေနဲ့ စစ်နည်းဗျူဟာတွေကို အဓိကပြထားတာ မဟုတ်ပါဘူး။ စစ်ပွဲတစ်ခုစီအတွက် ကတုတ်ကျင်းလို့ ခေါ်နိုင်တဲ့ နေရာတစ်မျိုးစီကိုပဲ သုံးထားပြီး အဲဒီနေရာမှာ အသက်ရှင်ဖို့ ရုန်းကန်နေရသူတွေအကြောင်း ပြထားပါတယ်။ အချိန်ကာလသုံးခုလုံးမှာ ဇာတ်ကောင်နာမည်တွေနဲ့ သရုပ်ဆောင်တွေက အတူတူပဲ ဖြစ်ပေမယ့် ဇာတ်လမ်းတွေက တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိပါဘူး။ ဇာတ်ကောင်တွေရဲ့ စရိုက်ကလည်း စစ်ပွဲတစ်ခုစီမှာ ပြောင်းသွားတယ်။ တိုက်ပွဲခန်းတွေထက် စကားပြောခန်းတွေကို အသားပေးထားပြီး အဲဒီစကားတွေကနေ လူ့သဘောသဘာဝနဲ့ စစ်အတွင်း စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေအကြောင်းကို ပြချင်ပုံရပါတယ်။

ဇာတ်လမ်းအကြောင်း