ဇာတ်ကားများ ရွေးရန်

In a Land That No Longer Exists

2022ဇာတ်ကားအမှတ် 6.8/10101 မိနစ်

ဘာလင်တံတိုင်း မပြိုကျသေးတဲ့ကာလ အရှေ့ဘာလင်မှာ ဆူဇီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးက အဖေနဲ့ ညီမလေးတို့နဲ့အတူ နေထိုင်ပါတယ်။ စာရေးဆရာမဖြစ်ချင်တဲ့ သူဟာ တက္ကသိုလ်တက်ဖို့ မျှော်လင့်နေချိန်မှာပဲ အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝအခြေအနေ ပြောင်းသွားခဲ့တယ်။ ဆိုရှယ်လစ်အရာရှိတွေ စစ်မေးရာမှာ George Orwell ရဲ့ 1984 စာအုပ်ကို တွေ့သွားလို့ ကျောင်းထုတ်ခံရပြီး ဆိုရှယ်လစ်အလုပ်ရုံတစ်ခုမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။ တစ်မနက် အလုပ်ရုံသွားဖို့ ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားတယ်။ အဲဒီကနေ သူ့ပုံဟာ Sibylle ဖက်ရှင်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပေါ် ရောက်လာပါတယ်။ ဆူဇီကလည်း ကိုယ့်အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့နဲ့ စက်ရုံအလုပ်သမားဘဝက လွတ်ဖို့ ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာတယ်။ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးနေတဲ့ အရှေ့ဂျာမနီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ ဆူဇီတို့ဟာ ကိုယ်ယုံကြည်ရာနောက်ကို လိုက်ချင်ကြပါတယ်။ ရှေ့မှာကြုံရမယ့် စိန်ခေါ်မှုတွေကို အချင်းချင်း လက်တွဲပြီး ကျော်ဖြတ်နိုင်ကြမလား။

ဇာတ်လမ်းအကြောင်း