ဇာတ်ကားများ ရွေးရန်

Happening

2021ဇာတ်ကားအမှတ် 7.2/10100 မိနစ်

၁၉၆၀ ပြည့်နှစ်တွေက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာ တရားမဝင်သေးပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ကိုယ်ဝန်ရှိသူရော ကူညီပေးတဲ့ ဆရာဝန်ပါ ထောင်ကျနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီကာလမှာ စာပေမေဂျာတက်နေတဲ့ အန်းဟာ ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ပါ။ တစ်ညတာ အတူနေခဲ့ရာက ကိုယ်ဝန်ရသွားတော့ သူ့ဘဝမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတစ်ခု ပေါ်လာတယ်။ ရှေ့ဆက်ရမယ့် ဘဝရှိသေးပြီး ကလေးတစ်ယောက်အတွက် တာဝန်မယူနိုင်သေးတဲ့ အန်းက ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ ကူညီမပေးကြသလို ဥပဒေကလည်း ခွင့်မပြုထားဘူး။ မိဘတွေကိုလည်း မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း မဖွင့်ပြောရဲတဲ့ အန်းဟာ ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လိုကျော်ဖြတ်မလဲ။ Annie Ernaux ရဲ့ Happening ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒရမ်မာကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း