Vendetta
စစ်မှုထမ်းဟောင်း ဝီလီယမ်ဒန်ကန်ဟာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေရသူပါ။ တစ်နေ့မှာတော့ သမီးဖြစ်သူ ကက်သရင်းက ဒေသခံ Fetter လူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်။ ဒန်ကန်က တရားခံကို ဖမ်းမိခဲ့ပေမယ့် မျက်မြင်သက်သေ၊ ဓာတ်ပုံနဲ့ စီစီတီဗီမှတ်တမ်းတွေ မရှိတာကြောင့် တရားခံဟာ တရားသေလွတ်သွားတယ်။ သမီးကို သတ်သွားသူကို ဥပဒေအရ အပြစ်ပေးလို့မရတဲ့အဆုံး ဒန်ကန်က ကိုယ်တိုင် ဥပဒေပြင်ပကနေ လက်တုံ့ပြန်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတရားခံက Fetter ဂိုဏ်းချုပ်ရဲ့သား ဖြစ်နေတော့ ဂိုဏ်းဘက်ကလည်း ဒန်ကန်ကို လက်စားချေဖို့ ကြိုးစားလာတယ်။ ဒီလိုနဲ့ နှစ်ဖက် အပြန်အလှန် လက်စားချေကြတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ ဒီအက်ရှင်ကားမှာ ဘရုစ်ဝီလီက ဗီလိန်အဖြစ် ပါဝင်ထားပြီး မိုက်တိုင်ဆန်လည်း သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း