ဇာတ်ကားများ ရွေးရန်

Donkeyhead

2022ဇာတ်ကားအမှတ် 5.5/10106 မိနစ်

ကင်ဆာရောဂါခံစားနေရတဲ့ ဖခင်မှာ သမီးနှစ်ယောက်နဲ့ သားနှစ်ယောက် ရှိပါတယ်။ သမီးဖြစ်သူ မိုနာကတော့ အဖေနဲ့အတူနေပြီး အနီးကပ် ပြုစုပေးနေသူပါ။ ကျန်တဲ့မောင်နှမတွေက အလုပ်အကိုင်အတည်တကျနဲ့ ကိုယ့်ဘဝကိုယ် ထူထောင်နေကြပေမယ့် မိုနာကတော့ စာရေးဆရာမဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်သေးဘူး။ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်လို့ ပြောနေပေမယ့် စာအုပ်တစ်အုပ်ကိုတောင် မယ်မယ်ရရ မရေးဖြစ်သေးပါဘူး။ တစ်နေ့မှာ အဖေ ကိုမာဝင်သွားတဲ့အတွက် မိုနာက တစ်နေရာစီမှာ နေထိုင်နေတဲ့ မောင်နှမတွေကို လှမ်းခေါ်လိုက်ပါတယ်။ အဖေ့အကြောင်းနဲ့ ပြန်ဆုံကြတဲ့အချိန်မှာတော့ မောင်နှမတွေကြား ကတောက်ကဆဖြစ်လာပြီး တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ထိုးနှက်ပြောဆိုကြတယ်။ အဖေ့ကျန်းမာရေးအတွက် အတူရှိနေရချိန်မှာပဲ ကိုယ်စီရဲ့ မတူညီတဲ့အမြင်တွေနဲ့ မိသားစုတွင်းက အဆင်မပြေမှုတွေကို ရင်ဆိုင်ကြရပါတယ်။

ဇာတ်လမ်းအကြောင်း