Where Is Anne Frank
ဒုတိယကမ္ဘာစစ်အတွင်း ဟော်လန်မှာ နေထိုင်တဲ့ Anne Frank ဟာ ဆယ်ကျော်သက်အရွယ် ဂျူးမိန်းကလေးတစ်ယောက်ပါ။ နာဇီတွေ ဟော်လန်ကို သိမ်းပိုက်ပြီးနောက် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်က သူတို့အနားအထိ ရောက်လာတာကြောင့် Anne တို့မိသားစုဟာ အဖေ့အလုပ်ရှိရာ အပေါ်ထပ်က လျှို့ဝှက်တိုက်ခန်းမှာ တခြားဂျူးမိသားစုတစ်စုနဲ့အတူ ပုန်းနေကြရပါတယ်။ နှစ်နှစ်ကျော် ပုန်းနေခဲ့ရတဲ့ကာလအတွင်း ကြုံရတဲ့အတွေ့အကြုံတွေနဲ့ အခက်အခဲတွေကို Anne က ဒိုင်ယာရီထဲမှာ ရေးမှတ်ခဲ့တယ်။ သူ့စိတ်ကူးထဲက သူငယ်ချင်း Kitty ဆီ စာရေးပြီး ရင်ဖွင့်တဲ့ပုံစံနဲ့ ရေးထားတာပါ။ ဒီအန်နီမေးရှင်းမှာတော့ Anne ရဲ့ဇာတ်ကြောင်းကို စိတ်ကူးယဉ်ဖြစ်ရပ်တစ်ခုနဲ့ ဆက်ထားပါတယ်။ ယနေ့ခေတ်မှာ ဒိုင်ယာရီထဲက မှင်တွေစွန်းသွားရာကနေ စာလုံးတွေကြားမှာရှိတဲ့ Kitty ဟာ တကယ့်မိန်းကလေးတစ်ယောက်အဖြစ် အသက်ဝင်လာတယ်။ သူမှတ်မိနေတာက ဒိုင်ယာရီထဲက ဖြစ်ရပ်တွေပဲဖြစ်ပြီး သူငယ်ချင်း Anne ကို ရှာဖို့ ကြိုးစားပါတော့တယ်။ ၂၀၂၁ ခုနှစ်ထွက် ဒီဇာတ်ကားမှာ Anne ရဲ့ဒိုင်ယာရီထဲက အဖြစ်အပျက်တချို့နဲ့ Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကို တစ်လှည့်စီ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း