ဇာတ်ကားများ ရွေးရန်

Memory

2022ဇာတ်ကားအမှတ် 6.9/10114 မိနစ်

အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ်လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက် သတ်ပေးဖို့ ငှားရမ်းလိုက်ပါတယ်။ ငှားတဲ့သူတွေ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါ ခံစားနေရပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာပါ။ အဲဒီလူကုန်ကူးအဖွဲ့နောက်ကို မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်အရာရှိတစ်ယောက်ကလည်း လိုက်စုံစမ်းနေကြပါတယ်။ သူတို့အားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီ ရှိနေတယ်။ လီယံနယ်ဆန်နဲ့ မိုနီကာဘယ်လူချီတို့ ပါဝင်ထားတဲ့ ဒီမှုခင်းသည်းဖိုဇာတ်ကားမှာ ဥပဒေနဲ့ လက်စားချေလိုစိတ်ကြားက လွန်ဆွဲမှုတွေအပြင် ငွေကြေးနဲ့ဩဇာရှိသူတွေ ဥပဒေအထက် ရောက်နေပုံကိုပါ တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း