Putahe
ဂျန်နီဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးပြီး ဝေးလံတဲ့ကျွန်းလေးတစ်ကျွန်းမှာ ကြီးပြင်းလာသူပါ။ မြို့ပြနဲ့ဝေးပြီး ဖျော်ဖြေရေးနဲ့ ပြင်ပဗဟုသုတ ရစရာနည်းတဲ့ ဒီကျွန်းမှာ အမျိုးသမီးတွေက စုဝေးပြီး အတင်းပြောလေ့ရှိကြသလို အမျိုးသားတွေက ညဘက် အရက်ဝိုင်းဖွဲ့လေ့ရှိကြတယ်။ သူစိမ်းအဝင်အထွက်နည်းပြီး တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိဖြစ်နေတဲ့ အသိုင်းအဝိုင်းလေးပါ။ တစ်နေ့မှာတော့ ယူကာဆိုတဲ့ မြို့သူအမျိုးသမီးတစ်ယောက် ကျွန်းပေါ်ရောက်လာပြီး ထမင်းဆိုင်လေးဖွင့်လို့ အခြေချနေထိုင်လာပါတယ်။ သူ့အလှကြောင့် လူတွေ သတိထားမိကြသလို ကျွန်းပေါ်က အမျိုးသမီးတွေကြားမှာလည်း သူဟာ ဝရမ်းပြေးလား၊ လိင်အလုပ်သမားလားဆိုတဲ့ အတင်းအဖျင်းတွေ ထွက်လာတယ်။ ကိုယ့်ခင်ပွန်းတွေနဲ့ ပတ်သက်ပြီး ယူကာကို သဝန်တိုကြသူတွေလည်း ရှိပါတယ်။ ဂျန်နီကတော့ ဟင်းချက်ကောင်းပြီး လှပတဲ့ ယူကာနဲ့ ခင်မင်ချင်လို့ သွားသွားကြည့်နေမိတယ်။ အဲဒီလိုနဲ့ ယူကာဟာ နေ့ဘက်မှာ ဟင်းလျာတွေနဲ့ ဧည့်ခံရောင်းချပြီး ညဘက်မှာ ကျွန်းသားတချို့နဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေ ရှိနေတာကို တွေ့သွားပါတယ်။ ဒါပေမယ့် ဂျန်နီက သူနဲ့ ဆက်ရင်းနှီးလာပြီး ယူကာကလည်း ဟင်းချက်နည်းတွေအပြင် လိင်မှုဆိုင်ရာအကြောင်းတွေကိုပါ သင်ပေးလာတယ်။ သူတို့နှစ်ယောက်ကြားက အကြောင်းနဲ့အတူ ကျွန်းပေါ်က ဇနီးမောင်နှံတွေကြား ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကိုလည်း ပြထားပါတယ်။ ဂျန်နီအဖြစ် Ayanna Misola နဲ့ ယူကာအဖြစ် Janelle Tee တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း