ဇာတ်ကားများ ရွေးရန်

Tomb Empty Coffin

2020ဇာတ်ကား88 မိနစ်

ပေါင်ချိန်ဟာ ဆရာဖြစ်သူ သမားတော်ဟူ ကွယ်လွန်သွားတဲ့အတွက် ဆရာ့အုတ်ဂူမှာ ကန်တော့ဖို့ ခွင့်ရက်ရှည်ယူပြီး ကုန်းအန်းပြည်နယ်ကို သွားပါတယ်။ ဒါပေမယ့် အဲဒီမှာ မိန်းကလေးငယ်တွေ ပျောက်ဆုံးနေကြသလို ဆရာ့အလောင်းလည်း ပျောက်နေတယ်။ လူတွေကြားမှာတော့ သေသူက ပြန်ရှင်လာပြီး လူတွေကို လိုက်သတ်ကာ မျက်နှာအရေပြားတွေကို ဓားနဲ့ခွာနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေပါတယ်။ ဆရာ့ကို ကန်တော့ဖို့လာတဲ့ ပေါင်ချိန်အတွက် ဒီခရီးက အမှုစုံစမ်းရတဲ့ခရီး ဖြစ်လာပါတော့တယ်။ သေရာက ပြန်ရှင်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေနောက်က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း တခြားပဟေဠိတွေကိုလည်း တစ်ခုပြီးတစ်ခု ဖြေရှင်းရပါတယ်။

ဇာတ်လမ်းအကြောင်း