ဇာတ်ကားများ ရွေးရန်

Heart of the Matter

2022ဇာတ်ကားအမှတ် 5.4/1084 မိနစ်

Andie ဟာ လူနာတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကုသပေးတတ်တဲ့ နှလုံးအထူးကုဆရာဝန်ပေါက်စတစ်ယောက်ပါ။ သူ့လူနာ Henry ကတော့ ဆရာဝန်တွေကို သဘောမကျတတ်ပေမယ့် Andie ဆီမှာဆို ကျေကျေနပ်နပ် ကုသမှုခံယူပါတယ်။ Henry ဟာ ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုရှိတဲ့ နှလုံးရောဂါသည်ဖြစ်ပြီး အမေရဲ့စောင့်ရှောက်မှုအောက်ကနေ ထွက်ကာ ကိုယ့်ဘဝကိုယ် လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ Henry နှလုံးရောဂါဖောက်လာပြီး Andie ဆီ ဖုန်းဆက်ခဲ့ပါတယ်။ ဆေးရုံကို ကိုယ်တိုင်ကားမောင်းလာဖို့လည်း လုပ်ခဲ့ပေမယ့် ရုတ်တရက် ကွယ်လွန်သွားတယ်။ အဲဒီဖြစ်ရပ်နောက်မှာ Andie ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိပြီး သူ့ရဲ့သာယာတဲ့ဘဝကိုပါ လက်လွှတ်ဖို့အထိ ဖြစ်လာပါတယ်။ Henry သေဆုံးမှုကြောင့် ခံစားနေရတဲ့စိတ်ထဲကနေ သူ ရုန်းထွက်နိုင်ပါ့မလား၊ သူ့ဘဝနဲ့ ရည်မှန်းချက်တွေကို ဆုံးရှုံးရမလားဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း