ဇာတ်ကားများ ရွေးရန်

Assassin Club

2023ဇာတ်ကားအမှတ် 6.3/10113 မိနစ်

Henry Golding သရုပ်ဆောင်ထားတဲ့ မော်ဂန်ဟာ ကြေးစားလူသတ်သမားဘဝကနေ ထွက်ချင်နေသူပါ။ သူ့ဆရာအပြောအရ ဒီလောကက ထွက်ကြတဲ့ အကြောင်းရင်းက သုံးခုပဲရှိတယ်။ ဘုရားသခင်ကို ရှာတွေ့လို့၊ အမျိုးသမီးတစ်ယောက်ကြောင့်၊ ဒါမှမဟုတ် သေသွားလို့တဲ့။ မော်ဂန်ကတော့ အမျိုးသမီးတစ်ယောက်ကြောင့် အလုပ်ကို ရပ်ချင်နေတာပါ။ အဲဒီအချိန်မှာပဲ သူ့ဆီ အလုပ်တစ်ခု ရောက်လာပါတယ်။ လူခြောက်ယောက်ကို သတ်ပေးရမှာဖြစ်ပြီး တစ်ယောက်အတွက် ဒေါ်လာတစ်သန်းစီ ရမယ်။ မော်ဂန်က ဆုံးဖြတ်ချက်ကို မပြင်ဘဲ ဒီအလုပ်ကိုလည်း ငြင်းဖို့ တွေးထားတယ်။ ဒါပေမယ့် ပစ်မှတ်ခြောက်ယောက်က သာမန်လူတွေ မဟုတ်ဘဲ သူ့လို ကြေးစားလူသတ်သမားတွေ ဖြစ်နေပါတယ်။ သူတို့ဆီကိုလည်း အလားတူ အလုပ်ကမ်းလှမ်းထားတာကြောင့် ကြေးစားအချင်းချင်း လိုက်သတ်ကြရမယ့် အခြေအနေ ဖြစ်နေတယ်။ မော်ဂန်က လက်မခံချင်လည်း ကျန်တဲ့ခြောက်ယောက်က သူ့ကို လာသတ်ကြမှာပါ။ ဒါကြောင့် မဖြစ်မနေ ပြန်တိုက်ခိုက်ရင်း ဒီအလုပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ၊ ဘာကြောင့် သူတို့ကို အချင်းချင်း သတ်ခိုင်းနေသလဲဆိုတာပါ လိုက်ဖော်ထုတ်ရပါတော့တယ်။

ဇာတ်လမ်းအကြောင်း