ဇာတ်ကားများ ရွေးရန်

Benediction

2021ဇာတ်ကားအမှတ် 6.6/10137 မိနစ်

အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ဟာ ပထမကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲဝင်ခဲ့သူပါ။ စစ်မှုထမ်းစဉ်မှာ ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကိုယ်တိုင်မြင်တွေ့လာရတဲ့နောက် စစ်ကို ရှည်ကြာအောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်လာပြီး စစ်ဆန့်ကျင်ရေးကဗျာတွေ ရေးသားလာတယ်။ သူ့ရဲ့ စစ်ဆန့်ကျင်ရေးသဘောထားတွေကြောင့် စစ်ခုံရုံးတင်ခံရမယ့်အစား စိတ်ကျန်းမာရေးမကောင်းသူအဖြစ် သတ်မှတ်ပြီး ဆေးရုံပို့ခံလိုက်ရပါတယ်။ ဆေးရုံမှာ မိတ်ဆွေအသစ်တွေနဲ့ ဆုံရသလို ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့ လိင်စိတ်အကြောင်းကိုလည်း စတင်သိမြင်လာတယ်။ သူတွဲခဲ့တဲ့ ချစ်သူတွေနဲ့ ဆက်ဆံရေးတွေကို သူ့ကဗျာတွေနဲ့အတူ ပြထားပြီး ငယ်ရွယ်စဉ်နဲ့ အသက်ကြီးလာချိန်ကို တစ်လှည့်စီ ပြန်လှန်တင်ပြထားပါတယ်။ Terence Davis ရိုက်ကူးထားတဲ့ ဒီအတ္ထုပ္ပတ္တိဇာတ်ကားမှာ Jack Lowden၊ Calam Lynch၊ Peter Capaldi နဲ့ Kate Phillips တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ပြောပြရင်း Sassoon ရဲ့ ဘဝနဲ့ လူ့သဘောသဘာဝကို ကဗျာတွေနဲ့ တွဲဖက်ဖော်ပြထားတာပါ။

ဇာတ်လမ်းအကြောင်း