Paycheck
မိုက်ခ်ဟာ နည်းပညာအသစ်တွေကို သူများထက် မြန်မြန်ဆန်ဆန်နဲ့ သာလွန်အောင် ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ သူ့ဦးနှောက်နဲ့ ငွေကို အလဲအလှယ်လုပ်လေ့ရှိတဲ့ မိုက်ခ်ဟာ တစ်နေ့မှာ သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ဘဝထဲက သုံးနှစ်တာကို အရောင်းအဝယ်လုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ အဲဒီကနေ သူ့ဘဝမှာ အလှည့်အပြောင်း ကြုံလာရတော့တယ်။ သူတည်ဆောက်ခဲ့တာ ဘယ်လိုနည်းပညာလဲ၊ အဲဒီအလုပ်ကြောင့် သူကိုယ်တိုင် ဘယ်လိုပြန်အကျပ်ရိုက်လာရတာလဲဆိုတာကို အက်ရှင်နဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကြားကနေ တဖြည်းဖြည်း သိလာရမှာပါ။ ချစ်ရတဲ့ ဒေါက်တာမလေးနဲ့ ဆက်ဆံရေးအကြောင်းလည်း ပါဝင်ပါတယ်။ ၂၀၀၃ ခုနှစ်ထွက် ဒီသိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားမှာ Ben Affleck ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း