ဇာတ်ကားများ ရွေးရန်

City of God

2002ဇာတ်ကားအမှတ် 8.4/10130 မိနစ်

ဇာတ်လမ်းအစမှာ ကောင်လေးနှစ်ယောက် လမ်းလျှောက်လာကြပြီး တစ်ယောက်က ကင်မရာတစ်လုံး လွယ်ထားပါတယ်။ ဓာတ်ပုံရိုက်ရင် အသတ်ခံရနိုင်လောက်အောင် အန္တရာယ်များတယ်လို့ တစ်ယောက်က ပြောနေချိန်မှာ နောက်တစ်ယောက်ကလည်း ဒီလိုလုပ်မှ အလုပ်ရနိုင်မှာလို့ ပြန်ပြောနေတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကို သေနတ်နဲ့ လိုက်ပစ်ဖမ်းနေတာ သူတို့ရှေ့ကို ရောက်လာပါတယ်။ ကြက်က ကောင်လေးနှစ်ယောက်ရှေ့မှာ ရောက်နေတော့ အဖွဲ့ခေါင်းဆောင်က ဖမ်းပေးဖို့ လှမ်းအမိန့်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ လက်နက်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲတွေက ကောင်လေးတွေရဲ့ နောက်ဘက်ကို ရောက်လာပါတယ်။ လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ သူတို့နှစ်ယောက် ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီကနေ ကောင်လေးက သူတို့နေတဲ့ နယ်မြေအကြောင်း ပြန်ပြောပြတယ်။ သူတို့ဆီမှာတော့ ပြေးလည်း လိုက်ဖမ်းခံရမယ်၊ ရပ်နေလည်း ဖမ်းခံရမှာပဲတဲ့။ ဘရာဇီးက City of God မှာ သေနတ်ကို အလွယ်တကူ ရနိုင်ပြီး ငွေရဖို့ လုယက်တာ၊ မူးယစ်ဆေး ရောင်းဝယ်တာတွေ ရှိနေပါတယ်။ ပြဿနာတွေကို သေနတ်နဲ့ ဖြေရှင်းကြပြီး လူသတ်တတ်တာ၊ ဆေးခြောက်ရှူတတ်တာကိုတောင် လူရာဝင်ဖို့ အမှတ်အသားလို သဘောထားကြတဲ့ ပတ်ဝန်းကျင်ပါ။ ဒီလိုနေရာမှာ ကြီးပြင်းရတဲ့ ကလေးတွေအဖို့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်ဖို့ မလွယ်သလို ဘာက မှန်သလဲဆိုတာကို မေးခွန်းထုတ်ဖို့တောင် ခက်ခဲနေတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားက အဲဒီကလေးတွေရဲ့ နေထိုင်ရှင်သန်ရပုံကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း