Lootera
၁၉၅၃ ခုနှစ်ကို နောက်ခံထားတဲ့ ဒီအချစ်ဒရမ်မာမှာ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုတေသနသမားလေးက မဏိပူပြည်နယ်က ရွာတစ်ရွာကို ရောက်လာပါတယ်။ ရွာထဲက ရှေးဟောင်းဘုရားကျောင်းအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေ ရှိနေလို့ လေ့လာတူးဖော်ချင်တယ်ဆိုပြီး မြေပိုင်ရှင်တစ်ယောက်ဆီ လာတွေ့တာပါ။ သူ့မှာ စာရွက်စာတမ်းတွေလည်း အခိုင်အမာ ပါလာတယ်။ စကားပြောကြည့်ရင်း သူ့အသိဉာဏ်နဲ့ အပြုအမူတွေကို သဘောကျလာတဲ့ မြေပိုင်ရှင်က တည်းခိုခန်းမှာ မနေတော့ဘဲ အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်လိုက်ပါတယ်။ မြေပိုင်ရှင်ရဲ့သမီး ပါခီကတော့ သူစိမ်းတွေနဲ့ တွေ့ကြုံဖူးခြင်းမရှိတဲ့ ရိုးရိုးအေးအေး မိန်းကလေးတစ်ယောက်ပါ။ အိမ်ကို လာတည်းတဲ့ ဧည့်သည်ဗာရွန်ကို သူ့နှလုံးသားတစ်ခုလုံး ပုံအပ်မိသွားတယ်။ ဒါပေမယ့် ဗာရွန်ရဲ့အကြောင်းမှာ ပါခီ မသိရသေးတာတွေ ရှိနေပါတယ်။ ရမ်ဗီးဆင်းနဲ့ ဆိုနာရှီးတို့ ပါဝင်ထားပြီး The Last Leaf ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလို့ မူရင်းအညွှန်းမှာ ဖော်ပြထားပါတယ်။ ရှေးသီချင်းတွေနဲ့ ဇာတ်ဝင်သီချင်းတွေကိုလည်း ခေတ်နောက်ခံ၊ အချစ်ဇာတ်လမ်းတို့နဲ့ လိုက်ဖက်အောင် တွဲသုံးထားပါတယ်။
ဇာတ်လမ်းအကြောင်း