The Great Raid
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်မှာ ဂျပန်တပ်တွေက ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို ဝင်သိမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်စစ်သားတစ်သောင်း လက်နက်ချပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်။ ၁၉၄၄ ခုနှစ်ရောက်လာတော့ အမေရိကန်ဘက်က စစ်ရေးအသာရလာပြီး ဖိလစ်ပိုင်ကို ပြန်သိမ်းဖို့ ပြင်ဆင်နေပါပြီ။ ရိန်းဂျားတပ်ရင်း အမှတ် ၆ ကိုတော့ ရှေ့တန်းကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်း ငါးရာရှိတဲ့စခန်းထဲ ဝင်ရောက်ကယ်ဆယ်ဖို့ တာဝန်ပေးလာပါတယ်။ ကယ်ဆယ်ရေးသွားတဲ့ လမ်းတစ်လျှောက် ကြုံရတဲ့အခက်အခဲတွေ၊ တိုက်ပွဲဝင်ရပုံတွေနဲ့ ရဲဘော်အချင်းချင်းအပေါ်ထားတဲ့ စိတ်ဓာတ်ကို ဇာတ်လမ်းထဲမှာ ပြထားတယ်။ ဒါရိုက်တာ John Dahl ရိုက်ကူးထားပြီး James Franco၊ Benjamin Bratt နဲ့ Joseph Fiennes တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ပွဲထဲမှာ အသုံးပြုတဲ့ လက်နက်နဲ့ အသုံးအဆောင်တွေကိုလည်း လက်တွေ့နဲ့ ကိုက်ညီအောင် ဂရုစိုက်တင်ပြထားတဲ့ စစ်အက်ရှင်ဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း