Kaliwaan
ဘူဂီက လူလတ်တန်းစားမိသားစုက လူငယ်တစ်ယောက်ဖြစ်ပြီး ကျောင်းတက်ရင်း အလုပ်လုပ်နေပါတယ်။ သူ့မိဘတွေက မုန့်တိုက်ဖွင့်ထားကြတယ်။ သူ့ချစ်သူ မော်နီကာကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်နေရပြီး လောင်းကစားလုပ်တဲ့အဒေါ်က မကြာခဏ ငွေအတင်းတောင်းနေလို့ ဒီဘဝက ရုန်းထွက်ဖို့ ကြိုးစားသမျှ အရာမထင်ဖြစ်နေသူပါ။ မော်နီကာကို တစ်ဖက်သတ်သဘောကျနေတဲ့ ရာဂျီဆိုသူက သူမကို အလုပ်ရှာပေးပြီး ငွေကြေးနဲ့ပါ မက်လုံးပေးထားတယ်။ တစ်နေ့ သူတို့နှစ်ယောက် လိင်ဆက်ဆံနေချိန်မှာ ဘူဂီက တွေ့သွားပြီး သဝန်တိုဒေါသနဲ့ ရာဂျီရဲ့ခေါင်းကို ခဲနဲ့ထုသတ်ဖို့ ကြိုးစားလိုက်ပါတယ်။ မော်နီကာက အချိန်မီဆွဲထားလို့ ရာဂျီ မသေခဲ့ပေမယ့် ပြဿနာက အဲဒီမှာ မပြီးသွားပါဘူး။ ရာဂျီရဲ့မိသားစုက ငွေကြေးတတ်နိုင်ပြီး သြဇာရှိသူတွေဖြစ်သလို သူတို့သားအတွက် ကလဲ့စားချေဖို့လည်း ဆုံးဖြတ်ထားကြတယ်။ ဘူဂီရဲ့မိခင်ကတော့ သားကို အန္တရာယ်မဖြစ်စေချင်လို့ ဘူဂီရဲ့ဦးလေးဖြစ်တဲ့ ရဲအရာရှိဆီ အကူအညီတောင်းလိုက်ပါတယ်။ ဒီကိစ္စထဲမှာ ဘူဂီနဲ့ မော်နီကာအပြင် သူတို့မိသားစုတွေပါ ဘယ်လိုပါဝင်ပတ်သက်လာကြမလဲ၊ အခြေအနေတွေ ပိုဆိုးမသွားခင် ထွက်ပေါက်ရှာနိုင်ကြမလားဆိုတာကို ဆက်ကြည့်ရမှာပါ။ AJ Raval နဲ့ Vince Rillon တို့ ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်တချို့လည်း ပါဝင်ပါတယ်။ လိင်အသားပေးခန်းတွေအပြင် သွေးထွက်သံယို နှိပ်စက်သတ်ဖြတ်ခန်းတွေနဲ့ သွေးသားရင်းချာအကြား လိင်ဆက်ဆံမှုပါ ပါဝင်တဲ့ အရွယ်ရောက်သူများအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း