ဇာတ်ကားများ ရွေးရန်

The Surprise Visit

2022ဇာတ်ကားအမှတ် 5.2/1086 မိနစ်

ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ ပျောက်ပြီး ငွေရေးကြေးရေး ကျပ်တည်းနေသူတွေထဲ ကေစီနဲ့ အန်နာဘဲလ်တို့ ဇနီးမောင်နှံလည်း ပါပါတယ်။ နှစ်ယောက်စလုံး မူးယစ်ဆေးသုံးစွဲမှုနဲ့ ဘဝအခြေအနေ ယိုယွင်းနေရတဲ့အပြင် အန်နာဘဲလ်မှာ ကိုယ်ဝန်ရှိနေတာကြောင့် မွေးလာမယ့်ကလေးရဲ့ အနာဂတ်အတွက်ပါ ခေါင်းခဲနေကြတယ်။ ကေစီက သူ့အဖေရဲ့ အလုပ်ရှင်ဆီမှာ အလုပ်ရဖို့ ပြောကြည့်ပေမယ့် သူ့အပေါ် စိတ်ပျက်နေတဲ့အဖေက မောင်းထုတ်လိုက်ပါတယ်။ နောက်ဆုံး ကြံရာမရတော့တဲ့အခါ အဖေ့အလုပ်ရှင် သူဌေးမရဲ့အိမ်ကို သွားခိုးဖို့ ကေစီက အကြံထုတ်လာတယ်။ အန်နာဘဲလ်က မလုပ်ချင်ဘူးလို့ ငြင်းပေမယ့် ကေစီက ဆက်ဖြောင်းဖျနေခဲ့တာပါ။ နောက်ဆုံးမှာတော့ သူတို့အနာဂတ်အတွက်ဆိုပြီး အဲဒီအစီအစဉ်ကို လက်ခံလိုက်ကြပါတယ်။

ဇာတ်လမ်းအကြောင်း