ဇာတ်ကားများ ရွေးရန်

Norwegian Wood

2010ဇာတ်ကားအမှတ် 6.3/10133 မိနစ်

Norwegian Wood ဟာ မူရာကာမိရဲ့ ဝတ္ထုရှည်ကို ပြင်သစ်အခြေစိုက် ဗီယက်နမ်ဒါရိုက်တာ Tran Anh Hung က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ သူက The Scent of Green Papaya နဲ့ Cyclo တို့ကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းထားတာကြောင့် စာအုပ်ဖတ်ဖူးသူတချို့က မူရင်းရဲ့ အနှစ်သာရကို မရဘူးလို့ သုံးသပ်ကြပေမယ့် စာအုပ်မဖတ်ဖူးသူတွေကတော့ ရုပ်ရှင်ရဲ့ ကိုယ်ပိုင်တင်ဆက်ပုံကို ခံစားနိုင်တယ်လို့ ဆိုကြပါတယ်။ ရုပ်ပုံပိုင်းကို တာဝန်ယူထားသူက ထိုင်ဝမ်ရုပ်ရှင်ဓာတ်ပုံဆရာ Mark Lee Ping-bing ပါ။ ဝေါင်ကာဝေးရဲ့ In the Mood for Love နဲ့ Hou Hsiao-Hsien ရဲ့ ရုပ်ရှင်အများအပြားမှာလည်း ရုပ်ရှင်ဓာတ်ပုံဆရာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ သရုပ်ဆောင်တွေထဲမှာ မူလ Death Note ရုပ်ရှင်ရဲ့ L အဖြစ် ပါဝင်ခဲ့တဲ့ Kenichi Matsuyama၊ Drive My Car ထဲက Reika Kirishima နဲ့ Babel၊ Pacific Rim၊ 47 Ronin တို့မှာ ပါဝင်ခဲ့တဲ့ Rinko Kikuchi တို့ ပါပါတယ်။ Norwegian Wood ဆိုတဲ့အမည်က The Beatles ရဲ့ သီချင်းနာမည်ကို ယူထားတာဖြစ်ပြီး မူရာကာမိရဲ့ Drive My Car ဆိုတဲ့ အမည်ကလည်း အဲဒီအဖွဲ့ရဲ့ သီချင်းနာမည်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်မှာ မူရင်းဝတ္ထုထဲက စာသားတွေကို နောက်ခံပြောစကားအဖြစ် ထည့်သွင်းထားပြီး ဇာတ်ကောင်တွေကို ဗဟိုပြု ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း