ဇာတ်ကားများ ရွေးရန်

Missing and Alone

2021ဇာတ်ကားအမှတ် 5.3/1090 မိနစ်

မိခင်မရှိတော့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဖခင်မရှိတော့တဲ့ ကောင်မလေးတစ်ယောက်ဟာ မကြာခဏ ရန်ဖြစ်တတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ တစ်ယောက်က လိမ္မာပြီး တစ်ယောက်ကတော့ ခပ်ဆိုးဆိုး။ သူတို့ထဲက ဖခင်ဆုံးထားတဲ့ ကောင်မလေးရဲ့အဖေဟာ တောထဲမှာ စခန်းချခရီးထွက်ရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဖေဆုံးတဲ့ နှစ်ပတ်လည်နေ့မှာ သူငယ်ချင်းနှစ်ယောက်က အဲဒီတောထဲကို အတူသွားကြတယ်။ ကိုယ့်အိမ်က ကျန်ရစ်သူမိဘတွေကိုလည်း လိမ်ထားခဲ့ကြတာပါ။ နောက်နေ့မနက် မိဘနှစ်ယောက် ဆုံမိကြမှ ကလေးတွေ လိမ်သွားမှန်း သိပြီး လိုက်ရှာကြရပါတယ်။ မိခင်မရှိတဲ့ ကောင်မလေးကတော့ ပြန်ပေါ်လာပေမယ့် ဖခင်ဆုံးထားတဲ့ ကောင်မလေးက ပျောက်နေဆဲမို့ သူ့အမေက စိတ်ပူပန်စွာ လိုက်ရှာရပါတော့တယ်။ ပျောက်နေတဲ့ ကောင်မလေး ဘာဖြစ်သွားတာလဲ။ သူ့သူငယ်ချင်းက ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ။ တောထဲရောက်နေစဉ် သူတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ။

ဇာတ်လမ်းအကြောင်း