ဇာတ်ကားများ ရွေးရန်

The Pay Day

2022ဇာတ်ကားအမှတ် 5.0/1093 မိနစ်

ဂျနီဖာဟာ ကုမ္ပဏီကြီးတစ်ခုမှာ ကွန်ပျူတာပရိုဂရမ်မာအဖြစ် အလုပ်လုပ်နေရာက အထက်လူကြီးနဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ နောက်အလုပ်လည်း ရှာမရ၊ အိမ်လခပေးဖို့ ငွေကလည်း အသည်းအသန်လိုနေချိန်မှာ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ သူက တခြားသူရဲ့ ရုံးခန်းထဲ ခိုးဝင်ပြီး ဒေတာယူပေးရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာငါးသန်းပေးမယ်လို့ ကမ်းလှမ်းလာတာပါ။ ငွေလိုနေပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်လို့ ဂျနီဖာက လက်ခံဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူက အကျပ်ကိုင်ခြိမ်းခြောက်လာတော့ လက်ခံလိုက်ရပါတယ်။ ကုမ္ပဏီထဲ ခိုးဝင်ဖို့ လုပ်တဲ့အခါမှာလည်း ထင်ထားတဲ့အတိုင်း ဖြစ်မလာဘဲ အလွဲလွဲအချော်ချော်တွေ ကြုံရတော့တယ်။ ဒေတာခိုးယူရင်း အဲဒီကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါ ဆုံတွေ့လာဦးမှာပါ။

ဇာတ်လမ်းအကြောင်း