ဇာတ်ကားများ ရွေးရန်

Princess Aurora

2005ဇာတ်ကားအမှတ် 5.9/10106 မိနစ်

ကုန်တိုက်ကြီးတစ်ခုရဲ့ အမျိုးသမီးသန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့အရာနဲ့ ထိုးသတ်ခံရတာကနေ ဇာတ်လမ်းစပါတယ်။ သေဆုံးသူဟာ မသေခင်က သမီးဖြစ်သူကို ဆူပူရိုက်နှက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ အမှုကို စုံထောက်နှစ်ယောက် တာဝန်ယူစုံစမ်းကြပေမဲ့ သူတို့ရထားတဲ့ တစ်ခုတည်းသော သက်သေက မှုခင်းနေရာမှာ ကျန်ခဲ့တဲ့ “မင်းသမီး အော်ရိုရာ” စတစ်ကာလေးပဲ ဖြစ်နေတယ်။ အမျိုးသမီးသန့်စင်ခန်းထဲမှာ ဖြစ်တဲ့အမှုမို့ ကျူးလွန်သူက အမျိုးသမီးတစ်ယောက် ဖြစ်နိုင်တယ်လို့လည်း ယူဆထားကြပါတယ်။ နှစ်ရက်လောက်ကြာတော့ နောက်ထပ်အမျိုးသမီးတစ်ယောက် အသက်ရှူကြပ်ပြီး သေဆုံးနေပြန်တယ်။ ဒီနေရာမှာလည်း အော်ရိုရာစတစ်ကာလေး ရှိနေပြန်ပါတယ်။ အဲဒီနောက် အလားတူလူသတ်မှုတွေ ဆက်ဖြစ်လာတဲ့အခါ အမှုကို စုံစမ်းနေသူနှစ်ယောက်ထဲက စုံထောက်အိုဟာ လူသတ်သမားက သူ့ဇနီးဟောင်း ဂျောင်ဆွန်းဂျောင်းများ ဖြစ်နေမလားလို့ သံသယဝင်လာပါတယ်။ Pang Eun-jin ရိုက်ကူးထားတဲ့ ၂၀၀၅ ခုနှစ် ကိုရီးယားမှုခင်းဒရာမာဖြစ်ပြီး စုံထောက်အိုအဖြစ် Moon Sung-Geun၊ ဂျောင်ဆွန်းဂျောင်းအဖြစ် Uhm Jung-Hwa တို့ ပါဝင်ထားပါတယ်။ ကွင်းဆက်လူသတ်မှုအကြောင်းနဲ့အတူ မိဘမေတ္တာကိုပါ ဖော်ပြထားတဲ့ ဇာတ်ကားပါ။ Uhm Jung-Hwa ဟာ Doctor Cha ဇာတ်လမ်းတွဲမှာ Dr. Cha Jung-Sook အဖြစ် သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း