ဇာတ်ကားများ ရွေးရန်

The Obscured

2022ဇာတ်ကားအမှတ် 5.0/1075 မိနစ်

သုံးပွင့်ဆိုင်အချစ်ရေးထဲက စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့ နိုးလာတော့ သူချစ်ရတဲ့လူကို ဘေးမှာ သေဆုံးလျက် တွေ့လိုက်ရပါတယ်။ ဘယ်သူသတ်သွားတာလဲ မသိသလို ကိုယ်တိုင် သတ်မိခဲ့တာလားဆိုတာကိုလည်း မသိဘူး။ ဖြစ်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မသိနိုင်တဲ့အတွက် ရဲတိုင်ဖို့လည်း အခက်တွေ့နေပြီး သူ့အချစ်ရေးထဲက နောက်ကောင်လေးဆီ ဖုန်းဆက်လိုက်တယ်။ သူ့အတွက်ဆို ဘာမဆိုလုပ်ပေးဖို့ အသင့်ရှိတဲ့ ကောင်လေးက အလောင်းဖျောက်ပေးပါတယ်။ အဲဒီနောက် နှစ်ယောက်သား နေရာသစ်တစ်ခုမှာ ဘဝပြန်စဖို့ ကားတစ်စီးနဲ့ အဝေးပြေးလမ်းအတိုင်း ထွက်လာကြတယ်။ လမ်းရောက်မှ ကောင်မလေးရဲ့ စိတ်ရောဂါအတွက် သောက်နေကျဆေးတွေ အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့မှန်း သိလိုက်ရတာပါ။ ကောင်လေးက စွန့်စားပြီး ဆေးပြန်ယူပေးတဲ့အခါ ဖျောက်ထားခဲ့တဲ့အလောင်းဟာ မူလနေရာမှာ ပြန်ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့ရဲ့အချစ်နဲ့ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ကြမလား၊ ကျူးလွန်ထားတဲ့အပြစ်ကပဲ သူတို့နောက် ဆက်လိုက်နေမလားဆိုတဲ့ မေးခွန်းတွေကြားမှာ ဇာတ်လမ်းက ဆက်သွားပါတယ်။

ဇာတ်လမ်းအကြောင်း