The Business of Christmas
အော်စကာနဲ့ မယ်ရီအန် ဖရန်ကလင်းတို့ ဇနီးမောင်နှံဟာ အသက်ကြီးလာကြပြီဖြစ်ပြီး မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်ဖွင့်ထားကြပါတယ်။ ခရစ္စမတ်နီးလာတော့ မယ်ရီအန်က သားသမီးသုံးယောက်လုံး အိမ်ပြန်လာကြဖို့ မျှော်နေတယ်။ သားကြီးက ပူလစ်ဇာဆုရချင်နေတဲ့ ဂျာနယ်လစ်၊ သားငယ်က တေးဂီတထုတ်လုပ်သူ၊ သမီးကတော့ အိမ်ခြံမြေပွဲစားပါ။ မယ်ရီအန်က ဖုန်းဆက်ခေါ်ပေမဲ့ သားသမီးတွေက ကိုယ့်အလုပ်နဲ့ကိုယ် မအားကြလို့ ပြန်မလာနိုင်ဘူး။ သူတို့ကို မျှော်နေရင်း စိတ်မကောင်းဖြစ်နေချိန်မှာပဲ ဇနီးမောင်နှံနှစ်ယောက်အတွက် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာပါတယ်။ သူတို့ရဲ့ အိမ်ပေါင်ချေးငွေကို ကုမ္ပဏီတစ်ခုက ဝယ်ယူလိုက်ပြီး ရက်အနည်းငယ်အတွင်း ငွေတစ်သိန်း မပေးနိုင်ရင် အိမ်ရော ဆိုင်ပါ ဆုံးရှုံးရတော့မယ်။ ဒီသတင်းကြောင့် အော်စကာ နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ်။ အလုပ်ကိုယ်စီနဲ့ မအားခဲ့ကြတဲ့ သားသမီးသုံးယောက်လည်း အခုတော့ မိသားစုကြုံနေရတဲ့ အကျပ်အတည်းကို ဝိုင်းဖြေရှင်းပေးဖို့ ဖြစ်လာကြတယ်။
ဇာတ်လမ်းအကြောင်း