ဇာတ်ကားများ ရွေးရန်

Redeeming Love

2022ဇာတ်ကားအမှတ် 7.9/10134 မိနစ်4K

Redeeming Love (2022) IMDb Rating (6.7) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ? ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုးကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်းမိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ။ ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့်ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ။ ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေး ကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်​နေဦးမှာလား..... မိုက်ကယ်။ အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့။ မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး။ ကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်​နေ့ကယ်လီဖိုးနီးယား မြို့ထဲအလာ ကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြ လိုက်သလို မင်းက ကိုယ့်မျက်စိ​ရှေ့ရောက်လာတယ်၊ သိပ်လှတဲ့မိန်းက​လေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ ​နောက်​ သူများ​တွေ​ပြော​တာ မင်းက​ ကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်​​တောင်ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကိုလာပြရသလား​ပေါ့။ ဒါ​ပေမဲ့ ဘုရားသခင်ကလည်း အင်မတန်​ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်​၊ ကိုယ့်မှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ​ပေါက်​ဈေး၂ဆ​ပေးဝယ်ခဲ့မိတယ်၊ ​ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူစကား​​တွေပြောချင်လို့၊ ကိုယ့်ခံစားချက်​တွေ ရင်ဖွင့်ချင်လို့၊ မင်းကိုလက်ထပ်ခွင့်​​​တောင်းချင်လို့ပါ။ မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က က​လေးဆိုးကြီးလိုပူဆာ​ခဲ့မိတယ်၊ ဒီလိုနဲ့တစ်​နေ့ မင်းကို​ ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်၊ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်​ပြေးမယ်​ ပြောခဲ့သလိုအခါခါထွက်​ပြေးခဲ့ပေမဲ့ ဘာ​ကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင်ငါ့ဆီပြန်​​​ရောက်​ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထားဆို​ပေမယ့် ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့အထိ ကိုယ်​စောင့်​နေပါ့မယ်၊ အချိန်ဘယ်​​လောက်ပဲကြာပါ​စေ​​ပေါ့၊တစ်​နေ့​​တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်​ယောက်သားကြည်ဖြူစွာနဲ့​ပေါ့ အိန်ဂျယ်ရယ်။ အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့။ File size…(4 GB)/ (1.6 GB)/(700 MB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:14:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,Ka Naung Translated by JimX

ဇာတ်လမ်းအကြောင်း