The Great Mouse Detective
လန်ဒန်မြို့က နာမည်ကြီး အရုပ်လုပ်သူ ဖလန်ဘာရှန်ကို လင်းနို့တစ်ကောင်က ပြန်ပေးဆွဲသွားပါတယ်။ သမီးလေး အိုလီဗီယာကတော့ လွတ်မြောက်သွားပြီး အဖေ့ကို ရှာပေးနိုင်ဖို့ ဘေကာလမ်းမှာနေတဲ့ စုံထောက်ကြီး ဘက်ဆဲလ်ဆီ သွားဖို့လုပ်တယ်။ ဒါပေမယ့် လမ်းမှာ မျက်စိလည်သွားလို့ ဘက်ဆဲလ်ဆီ မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ အဲဒီမှာ အာဖဂန်ကနေ စစ်မှုထမ်းပြီးပြန်လာတဲ့ ဒေါက်တာဒေါ်ဆင်နဲ့ တွေ့သွားတယ်။ နေစရာတိုက်ခန်း လိုက်ရှာနေတဲ့ ဒေါ်ဆင်က အိုလီဗီယာကို ကူညီပြီး ဘက်ဆဲလ်ဆီ လိုက်ပို့ပေးပါတယ်။ အမှုကို စုံစမ်းကြည့်တဲ့အခါ ဖလန်ဘာရှန်ကို ဖမ်းသွားတဲ့လင်းနို့က ဖစ်ဂျက်ဒ်ဖြစ်နေပြီး ဘက်ဆဲလ်ရဲ့ ရန်သူတော်ကြီး ပါမောက္ခရက်တင်ဂန်ရဲ့ တပည့်လည်း ဖြစ်နေတယ်။ ရက်တင်ဂန်က အရုပ်လုပ်သူကို ဘာအတွက် ဖမ်းခိုင်းတာလဲ၊ သူ့အကြံဆိုးကို ဘက်ဆဲလ်နဲ့ ဒေါ်ဆင်တို့ တားနိုင်ပါ့မလားဆိုတာ ဆက်လက်စုံစမ်းရတော့မှာပါ။ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကာတွန်းကားမှာ ရှားလော့ဟုမ်းစ်ကို အခြေခံပြီး ကြွက်စုံထောက်ကြီး ဘက်ဆဲလ်ရဲ့ ဇာတ်ကောင်ကို ဖန်တီးထားပါတယ်။
ဇာတ်လမ်းအကြောင်း