Deck the Halls
ရေဂန်ရိုင်လေက နာမည်ကြီး အလွတ်တန်းစုံထောက်တစ်ယောက်ပါ။ သူ့အမေ နိုရာရိုင်လေက စာရေးဆရာမဖြစ်ပြီး အဖေ လုခ်ရိုင်လေကတော့ အသုဘအိမ်လုပ်ငန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ခရစ်စမတ်မှာ မိသားစုနဲ့ အချိန်ဖြုန်းဖို့ ရေဂန် အိမ်ပြန်ရောက်နေတုန်း အဖေဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတယ်။ အဖေ့ကို ရှာဖို့အတွက် ရေဂန်က အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့ ပူးပေါင်းရပါတယ်။ အယ်ဗိုင်ရာက သူ့အမေရဲ့ စာဖတ်ပရိသတ်တစ်ယောက်ဖြစ်ပြီး စပ်စုတတ်သလောက် အရည်အချင်းလည်း ရှိသူပါ။ အမှုကို ကူညီဖို့ အယ်ဗိုင်ရာက စုံထောက် ဂျက်ခ်ကိုပါ ခေါ်လိုက်တယ်။ ပြန်ပေးဆွဲသူ ဘယ်သူလဲ၊ ဘာကြောင့် လုခ်ကို ပစ်မှတ်ထားတာလဲဆိုတာ ရှာဖွေကြရသလို ဂျက်ခ်နဲ့ ရေဂန်ကြားမှာ ဘာတွေဖြစ်လာမလဲ၊ ခရစ်စမတ်မှာ မိသားစုဝင်တွေ ပြန်ဆုံနိုင်ပါ့မလားဆိုတာလည်း မသေချာသေးပါဘူး။
ဇာတ်လမ်းအကြောင်း