The Last Stand
တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်ဟာ ငါးနှစ်ကြာပြီးနောက် ဆွန်မာတန်ဆိုတဲ့ နယ်စပ်မြို့လေးမှာ နယ်ထိန်းအဖြစ် အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ အာနိုးသရုပ်ဆောင်ထားတဲ့ ဒီနယ်ထိန်းရဲ့ဘဝက ဒုစရိုက်သမား ဂါဘရီယယ်ကောတက်စ် ထွက်ပြေးလာချိန်မှာ ပြောင်းလဲသွားတော့တယ်။ ကောတက်စ်ဟာ အက်ဖ်ဘီအိုင်လက်ထဲကနေ လွတ်လာပြီး သူ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဘက်ကို ဦးတည်လာနေပါတယ်။ နယ်ထိန်းလည်း အေးအေးဆေးဆေးနေလို့ မရတော့ဘဲ သူတို့ကို တားဆီးဖို့ ကြိုးစားရတော့တယ်။ တစ်ဖက်မှာ လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့အဖွဲ့ရှိနေပြီး ဒီဘက်မှာတော့ နယ်ထိန်းရဲအနည်းငယ်ပဲ ရှိပါတယ်။ ဒီလူနည်းစုနဲ့ ကောတက်စ်တို့ကို ဘယ်လိုတားဆီးကြမလဲဆိုတာ ဇာတ်လမ်းမှာ ဆက်ပြထားပါတယ်။ ဒီကားဟာ ကိုရီးယားဒါရိုက်တာ Kim Jee Woon ရဲ့ ပထမဆုံးအမေရိကန်ရုပ်ရှင်ဖြစ်ပြီး အာနိုးအတွက်လည်း Terminator 3 နောက်ပိုင်း အဓိကဇာတ်ဆောင်အဖြစ် ပြန်ပါဝင်လာတဲ့ကားပါ။
ဇာတ်လမ်းအကြောင်း