ဇာတ်ကားများ ရွေးရန်

Breaking Girl Code

2023ဇာတ်ကား90 မိနစ်

အန်ဒီဟာ ဘွဲ့ရပြီးနောက် နယူးယော့ခ်မှာ အလုပ်သင်ဆင်းခဲ့ပေမယ့် ချစ်သူနဲ့နီးချင်လို့ ဘော့စတွန်ကို ပြောင်းလာပါတယ်။ မြို့သစ်မှာ အလုပ်ရှာနေရင်း လျှောက်ထားတဲ့နေရာအများစုကလည်း မခန့်ကြဘူး။ အသိမိတ်ဆွေမရှိသေးတာကြောင့် Be Friend ဆိုတဲ့အက်ပ်ကို စမ်းသုံးကြည့်ရာက မြို့ခံကောင်မလေး ဖာရာနဲ့တွေ့ပြီး ရင်းနှီးသွားကြပါတယ်။ တစ်နေ့တော့ ဖာရာခေါ်တဲ့ ကလပ်ကို အန်ဒီ လိုက်သွားဖြစ်တယ်။ အဲဒီမှာ ဖာရာရဲ့ချစ်သူ အီသန်နဲ့ သူ့သူငယ်ချင်းတွေဟာ ကလပ်ကိုလာတဲ့ မိန်းကလေးတွေကို ဆေးခတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေကြတာကို သိသွားပါတယ်။ မိတ်ဆွေအသစ်ရပြီလို့ ထင်ထားရာကနေ အန်ဒီ ဘယ်လိုအရှုပ်အထွေးထဲ ဝင်ပါမိနေပြီလဲ။ အီသန်တို့ရဲ့လုပ်ရပ်တွေကို တားဆီးနိုင်ပါ့မလား၊ သူကိုယ်တိုင်လည်း ပြဿနာတွေကြုံလာရမလားဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း