ဇာတ်ကားများ ရွေးရန်

Fantasy Magician

2020ဇာတ်ကားအမှတ် 6.8/1084 မိနစ်

အပြင်ပန်းကြည့်ရင် အေးချမ်းနေသလိုထင်ရတဲ့ လောကမှာ လူသားတွေသာ နေထိုင်နေတာမဟုတ်ပါဘူး။ မိစ္ဆာကြီးငယ်တွေကလည်း လူယောင်ဆောင်ပြီး လူတွေကြားမှာ ရှင်သန်နေကြတယ်။ ကောင်းတဲ့မိစ္ဆာရှိသလို ဆိုးတဲ့မိစ္ဆာတွေလည်းရှိပြီး ဒီအခြေအနေတွေကို ထိန်းသိမ်းပေးနေတာက လျှို့ဝှက်ရပ်တည်နေတဲ့ ဝုယင်ဂိုဏ်းပါ။ မိစ္ဆာမကြီး ထျန်းရှဲကတော့ မကောင်းဆိုးဝါးနတ်စွမ်းအင် ထိုက်ဆွေ့ကို အသုံးချပြီး မိစ္ဆာတိုင်းပြည်တစ်ခု တည်ထောင်ဖို့ ကြံနေပါတယ်။ ဒါပေမယ့် ထိုက်ဆွေ့က မထင်မှတ်ဘဲ ဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ ကိုယ်ထဲကို ဝင်သွားတယ်။ ဝုယင်ဂိုဏ်းသား ဖုန်းရှောင်ရှောင်က ဝူရင်းကိုရှာတွေ့ပြီး သူ့ကိုယ်ထဲက ထိုက်ဆွေ့ကို ထုတ်ဖို့ ကြိုးစားပါတယ်။ ဝူရင်းကတော့ စိတ်ကူးပြောင်းပြီး ဒီစွမ်းအားကို ထိန်းချုပ်ကာ လောကကိုကယ်တင်မယ့် သူရဲကောင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သာမန်လူသား ဝူရင်းက ထိုက်ဆွေ့ရဲ့စွမ်းအားကို ထိန်းချုပ်နိုင်ပါ့မလား၊ ထျန်းရှဲကို ဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဝူရင်းနဲ့ ဖုန်းရှောင်ရှောင်တို့ကြားမှာ ဘယ်လိုဇာတ်ကြောင်းရှိခဲ့သလဲဆိုတာကိုလည်း CGI နဲ့ ပုံဖော်ထားတဲ့ မိစ္ဆာလောကနဲ့အတူ ပြသထားပါတယ်။

ဇာတ်လမ်းအကြောင်း