ဇာတ်ကားများ ရွေးရန်

Beans

2021ဇာတ်ကားအမှတ် 6.6/1092 မိနစ်

၁၉၉၀ ခုနှစ်မှာ Oka မြို့က ဂေါက်ကွင်းချဲ့ဖို့ ကြိုးစားရာက Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကို ထိပါးလာပါတယ်။ အဲဒီကနေ ၇၈ ရက်ကြာ အရေးအခင်း ဖြစ်ပွားခဲ့ပြီး Beans က ဒီသမိုင်းဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းမှာ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကို အဓိကထားပြီး အရေးအခင်းကာလက အဖြစ်အပျက်တွေ၊ Mohawk တိုင်းရင်းသားတွေရဲ့ တိုက်ပွဲနဲ့အတူ သူ့ရဲ့စိတ်ထား၊ အကျင့်စရိုက်တွေ ပြောင်းလဲလာပုံကို ပြထားပါတယ်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ Tracey Deer ကိုယ်တိုင်လည်း အရေးအခင်းဖြစ်ချိန်က အသက် ၁၂ နှစ်အရွယ် Mohawk မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ညွှန်းကို Meredith Vuchnich နဲ့အတူ ရေးသားခဲ့တာပါ။

ဇာတ်လမ်းအကြောင်း