ဇာတ်ကားများ ရွေးရန်

Belle

2013ဇာတ်ကားအမှတ် 7.2/10105 မိနစ်

လူဖြူ၊ လူမည်းနဲ့ မျိုးရိုးအဆင့်အတန်းကို ခွဲခြားကြတဲ့ခေတ်မှာ ဒိုင်ဒိုဘဲလ်ဟာ လူဖြူဖခင်နဲ့ လူမည်းကျွန်မိခင်တို့ကနေ မွေးဖွားလာခဲ့ပါတယ်။ ဖခင်က သူ့ကို ခေါ်ယူပြီး သူ့ဦးရီးတော်ဖြစ်တဲ့ တရားသူကြီးချုပ်ရဲ့အိမ်မှာ အုပ်ထိန်းစေခဲ့တယ်။ ဘဲလ်ဟာ လူမည်းသွေးပါပေမယ့် ဖခင်ရဲ့မျိုးရိုးကြောင့် အိမ်တော်မှာ တန်းတူနေရာပေးခံခဲ့ရပြီး လူမည်းကျွန်တွေ ဘယ်လောက်အထိ နှိမ့်ချခံနေရသလဲဆိုတာကိုတော့ ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားထဲက ပန်းချီကားဟာလည်း အပြင်လောကက ဒိုင်ဒိုဘဲလ်ရဲ့ တကယ့်ပုံတူပန်းချီဖြစ်ပါတယ်။ တစ်နေ့မှာ ဦးရီးတော်က ဇုန်းဆိုတဲ့ ကျွန်ကုန်ကူးသင်္ဘောနဲ့ ပတ်သက်တဲ့အမှုကို ကိုင်တွယ်ရတယ်။ သင်္ဘောပေါ်က ကျွန်တွေကို ရေထဲပစ်ချသတ်ပြီး အာမခံလျော်ကြေး တောင်းထားတဲ့အမှုပါ။ ဒီရက်စက်မှုကို သိလာရတဲ့ ဘဲလ်ဟာ တရားမျှတမှုအတွက် လှုပ်ရှားနေတဲ့ လူငယ်ဒဗီးနီးယားကို ကူညီပေးရင်း သူ့ကို ချစ်မိသွားပါတယ်။ ဒါပေမယ့် မိသားစုက မျိုးရိုးအဆင့်အတန်းမြင့်သူနဲ့ပဲ လက်ထပ်စေချင်တာကြောင့် ဘဲလ်ဟာ မျိုးရိုးနိမ့်တဲ့ လူဖြူလူငယ်အပေါ်ထားတဲ့ ချစ်စိတ်ကို ဖုံးကွယ်ထားရတယ်။ တစ်ဖက်မှာလည်း လူမည်းကျွန်တွေ တရားမျှတမှုရဖို့အတွက် ဦးရီးတော်နဲ့ ရင်ဆိုင်ဆန့်ကျင်နေရပါတယ်။ မိသားစုရဲ့ဆန္ဒနဲ့ ကိုယ့်ယုံကြည်ချက်တွေကြား ဘဲလ် ဘယ်လိုရွေးချယ်မလဲ။ ချစ်ရသူနဲ့ လက်တွဲနိုင်ပါ့မလား၊ လူမည်းတွေအတွက် သူလိုချင်တဲ့ တရားမျှတမှုကိုရော ရနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း