Catatan (Harian) Si Boy
အမေ အသည်းအသန်နေမကောင်းဖြစ်နေလို့ နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့ပါတယ်။ ဆေးရုံမှာ အမေအမြဲကိုင်ထားတယ်ဆိုတဲ့ စာအုပ်လေးတစ်အုပ်ကို ရလိုက်တော့ စာအုပ်ထဲကလူကို အမေ့ဆီ ခေါ်ပေးနိုင်ရင် အမေ့အခြေအနေ ပြန်ကောင်းလာနိုင်မလားလို့ တွေးမိတယ်။ အိမ်အပြန်လမ်းမှာတော့ သူ့ရည်းစားရဲ့ အကြွေးရှင်လူဆိုးတွေက ရိုက်နှက်ပြီး ကားကိုပါ ယူသွားလို့ ရဲစခန်းရောက်လာကြပါတယ်။ အဲဒီရဲစခန်းမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်မောင်းလို့ အဖမ်းခံထားရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့ သူငယ်ချင်းတွေလည်း ရောက်နေကြတယ်။ ဒီလိုနဲ့ နာတာရှာဟာ ဆထရီယိုတို့ သူငယ်ချင်းတစ်စုနဲ့ ဆုံမိသွားပါတယ်။ နာတာရှာကို စိတ်ဝင်စားသွားတဲ့ ဆထရီယိုက ဒိုင်ယာရီထဲက ဘွိုင်းဆိုသူကို ကူရှာပေးဖို့ အခြေအနေဖန်တီးလိုက်တယ်။ ဘွိုင်းက အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တာကြောင့် တွေ့ဖို့က မလွယ်ပါဘူး။ အဲဒီကြားမှာ နာတာရှာ့ရည်းစားက သဝန်တိုပြီး ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြား ဆက်ဆံရေးလည်း ရှုပ်ထွေးလာတယ်။ အင်ဒိုနီးယားဇာတ်ကား Boy's Diary ဟာ လူငယ်တွေရဲ့ မိတ်ဆွေဆက်ဆံရေးကို ပေါ့ပေါ့ပါးပါး ဖော်ပြထားပါတယ်။ ကိုယ်စထားတဲ့အလုပ်ကို ပြီးမြောက်အောင် ကြိုးစားလိုစိတ်နဲ့ နောက်ခံမတူသူတွေကြား အပြန်အလှန်ဖေးမမှုကိုလည်း ပြောထားတယ်။ သွေးသားမတော်စပ်ကြပေမယ့် မေတ္တာထားကြရင်း မိသားစုလို နီးစပ်လာနိုင်တယ်ဆိုတဲ့ အမြင်မျိုးပါ။ ဆထရီယိုတို့ကတော့ တွေ့ဖို့ခက်နေတဲ့ ဘွိုင်းကို နာတာရှာ့အမေဆီ အရောက်ခေါ်ပေးနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း