The Scam
ဂန်ဟျောင်းဆိုးဟာ ကောလိပ်က သရုပ်ဆောင်ဘွဲ့ရထားပေမယ့် သာမန်အလုပ်တစ်ခုနဲ့ ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။ ချမ်းချမ်းသာသာ နေချင်တဲ့ဆန္ဒရှိတဲ့ သူဟာ တစ်နေ့ စီနီယာအစ်ကိုတစ်ယောက်ရဲ့ စည်းရုံးမှုကြောင့် စတော့ရှယ်ယာလောကထဲ ရောက်သွားပါတယ်။ အဲဒီနောက် အမြတ်ရလိုက်၊ အရှုံးပေါ်လိုက်နဲ့ စတော့လောကမှာ ကျင်လည်လာခဲ့တာ ငါးနှစ်ကြာသွားတယ်။ တစ်ခါမှာတော့ ဟျောင်းဆိုးဟာ ဟွမ်ဂျောင်ဂူ အကွက်ချစီစဉ်ထားတဲ့ စတော့အကြံအဖန်တစ်ခုကို မထင်မှတ်ဘဲ ဝင်နှောင့်ယှက်မိပါတော့တယ်။ ဟွမ်ဂျောင်ဂူက DSG ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌဖြစ်သလို လူမိုက်ဂိုဏ်းခေါင်းဆောင်လည်း ဖြစ်နေတယ်။ ကိုရီးယားစတော့ရှယ်ယာလောကထဲက စီးပွားရေးအရှုပ်အထွေးတွေ၊ အကြံအဖန်လုပ်ပြီး အကျိုးအမြတ်ယူဖို့ ကြိုးစားနေတဲ့ သူဌေးတွေနဲ့ အချောင်အမြတ်ရချင်သူတွေကြားမှာ ဟျောင်းဆိုး ဝင်ပါမိသွားတာပါ။ သူ့အစီအစဉ်ကို နှောင့်ယှက်မိသူဟာ ဘယ်သူလဲဆိုတာ ဥက္ကဋ္ဌဟွမ် သိသွားတဲ့အခါ ဟျောင်းဆိုး ဘာတွေကြုံရတော့မလဲ။
ဇာတ်လမ်းအကြောင်း