ဇာတ်ကားများ ရွေးရန်

Hachiko

2023ဇာတ်ကားအမှတ် 7.1/10124 မိနစ်

ပါမောက္ခချန်ဟာ သုတေသနခရီးသွားရင်း လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ ဆုံခဲ့ပါတယ်။ ချစ်ဖို့လည်းကောင်း၊ သနားဖို့လည်းကောင်းတဲ့ ခွေးလေးကို အိမ်ပြန်ခေါ်လာပေမယ့် ဇနီးကတော့ မကြည်ဖြူပါဘူး။ သူမက ငယ်ငယ်တုန်းက ခွေးကိုက်ခံခဲ့ရဖူးတာကိုး။ ဒါပေမယ့် အချိန်ကြာလာတော့ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံလာကြပြီး မာကျောက်ကစားဝိုင်းကို အစွဲပြုလို့ ပါးထုန်ဆိုတဲ့နာမည် ပေးလိုက်ကြပါတယ်။ ပါးထုန်က သခင် အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ လိုက်ပို့တတ်တယ်။ ဘူတာက သတင်းစာကို ယူပြီးမှ အိမ်ပြန်လာသလို ညနေ သခင်အလုပ်ပြန်ချိန်ရောက်ရင်လည်း ဘူတာမှာ သွားစောင့်နေတတ်ပါတယ်။ ပါမောက္ခချန်ကျင်းရှိုက ပါးထုန်ကို သားတစ်ယောက်လို သဘောထားပြီး ပါးထုန်ကလည်း သခင့်ကို အလွန်တွယ်တာနေတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီတရုတ်ဇာတ်ကားမှာ သူတို့နှစ်ယောက် အတူရှိခဲ့တဲ့ ကြည်နူးစရာအချိန်တွေကို တွေ့ရပါတယ်။ တစ်နေ့မှာတော့ ပါမောက္ခချန် မမျှော်လင့်ဘဲ ကွယ်လွန်သွားပါတယ်။ သေခြင်းကို နားမလည်တဲ့ ပါးထုန်က သခင်ပြန်လာမယ့်အချိန်ကို ဆက်စောင့်နေခဲ့တယ်။ ကျန်မိသားစုဝင်တွေကလည်း ဘဝအခြေအနေကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားကြပါတယ်။ ပါးထုန်က အရင်နေရာလေးမှာပဲ ဆက်စောင့်နေမလား၊ ကျန်မိသားစုဝင်တွေနဲ့ တခြားနေရာကို လိုက်သွားမလား၊ သခင်တွေနဲ့ ပြန်ဆုံနိုင်ဦးမလား။

ဇာတ်လမ်းအကြောင်း