The Origin of Evil
စတေဖနဲစ်ဟာ အသင့်စားငါးဘူး ထုတ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့ချစ်သူအမျိုးသမီးက ထောင်ငါးနှစ်ကျနေပြီး သတ်မှတ်ရက်ထက် စောစောလွတ်လာဖို့ နှစ်ယောက်သား ကြိုးစားနေကြတယ်။ ဒီကြားထဲမှာ အိမ်ရှင်က သူ့သမီးပြန်လာတော့မှာမို့ စတေဖနဲစ်ကို အိမ်ကနေ ဖယ်ပေးဖို့ ပြောလာပါတယ်။ အခက်အခဲတွေ တစ်ခုပြီးတစ်ခု ကြုံလာချိန်မှာ စတေဖနဲစ်ဟာ ကလေးဘဝကတည်းက ကွဲကွာနေခဲ့တဲ့ ဖခင်ကို ဆက်သွယ်လိုက်တယ်။ အဆက်အသွယ်ရသွားတော့ သူရှိတဲ့မြို့ဆီ သွားတွေ့ပါတယ်။ သူ့ဖခင်ဟာ စီးပွားရေးလုပ်ငန်းအများကြီးပိုင်တဲ့ သူဌေးကြီးဖြစ်ပြီး နောက်အိမ်ထောင်နဲ့ သမီးတို့အတူ နေနေသူပါ။ စတေဖနဲစ်ကိုလည်း အိမ်ကြီးဆီ ခေါ်သွားပြီး မိသားစုနဲ့ တွေ့ပေးတယ်။ ဒါပေမယ့် အဖေတူအမေကွဲညီမ ဂျော့ရှ်က စတေဖနဲစ်ကို မယုံပါဘူး။ ငွေလိုချင်လို့ သမီးအဖြစ် အယောင်ဆောင်ပြီး ချဉ်းကပ်လာတယ်လို့ ထင်နေတယ်။ အဲဒီမိသားစုထဲမှာလည်း ဆက်ဆံရေးတွေက အဆင်မပြေကြပါဘူး။ သူဌေးကြီးက ဂျော့ရှ် သူ့လုပ်ငန်းတွေကို ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တာကြောင့် စတေဖနဲစ်ကို အရေးပေးလာပါတယ်။ အမွေရဖို့ ကြံစည်မှုတွေကြားမှာ စတေဖနဲစ်လို့ အားလုံးသိထားတဲ့ အမျိုးသမီးရဲ့ဘဝကိုပါ မေးခွန်းထုတ်စရာတွေ ပေါ်လာတယ်။ သူက ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးအရင်း ဟုတ်ပါ့မလား၊ နောက်ဆုံး အမွေတွေကို ဘယ်သူရသွားမလဲဆိုတာ တဖြည်းဖြည်း ဖော်ပြထားတဲ့ ပြင်သစ်လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း