ဇာတ်ကားများ ရွေးရန်

August 16, 1947

2023ဇာတ်ကားအမှတ် 5.0/10144 မိနစ်

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခါနီးကာလမှာ ဗြိတိသျှအုပ်ချုပ်သူတွေက လက်လွှတ်ရတော့မယ့် နိုင်ငံဆီက သယံဇာတတွေကို ရနိုင်သလောက် ဆက်အမြတ်ထုတ်နေကြပါတယ်။ အိန္ဒိယတောင်ပိုင်းက ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာမှာလည်း ဝါဂွမ်းအထွက်ကောင်းတာကြောင့် ဗြိတိသျှတွေအတွက် စတာလင်ပေါင် သိန်းရာနဲ့ချီ အမြတ်ရနေတယ်။ ဒါကြောင့် လွတ်လပ်ရေးပေးရတော့မယ့်အချိန်အထိ ဒီလုပ်ငန်းကို ဆက်ချုပ်ကိုင်ထားချင်ကြတုန်းပါပဲ။ ရွာကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ရောဘတ်နဲ့ သူ့သားဂျက်စတင်တို့က ရွာသားတွေကို လွတ်လပ်ရေးသတင်း မသိရအောင် ဖုံးကွယ်ထားပြီး ဆက်နှိပ်စက်နေကြတယ်။ သူတို့ရဲ့ ဖိနှိပ်မှုအောက်မှာ ဆက်မနေနိုင်တော့တဲ့ ရွာသားတွေ ပြန်လည်တော်လှန်ပုန်ကန်လာကြပုံကို ရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း