ဇာတ်ကားများ ရွေးရန်

The First Myth: Clash of Gods

2021ဇာတ်ကားအမှတ် 5.3/1092 မိနစ်

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义)တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင်ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကိုနှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော်ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။ လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့အမတအပေါင်းတို့ရဲ့စွမ်းအားတွေကိုပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား,လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် Filesize : 1.43 GB / 799 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း