ဇာတ်ကားများ ရွေးရန်

Virgin Rose (18+)

2006ဇာတ်ကားအမှတ် 4.0/10100 မိနစ်

ကျူးဘားကနေ အမေရိကန်ကို အလုပ်သွားလုပ်ချင်သူတွေကို တရားမဝင် ပို့ဆောင်ပေးနေတဲ့ လူကုန်ကူးသူတွေထဲမှာ ဆင်မွန်နဲ့ အန်ဒရီတို့လည်း ပါဝင်ပါတယ်။ ဒီလုပ်ငန်းမှာ ခရီးသည်တွေကို လှေဝမ်းထဲတင်ခေါ်သွားပြီး လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်တဲ့အခါ အမေရိကန်ရောက်ပြီဆိုပြီး ထားပစ်ခဲ့ကြတယ်။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေက တွေ့ပြီး ကယ်တင်နိုင်ရင် အသက်ရှင်ခွင့်ရှိပေမယ့် အကူအညီမရဘဲ သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။ ဆင်မွန်နဲ့ အန်ဒရီတို့ဟာ ကျေးလက်က မိန်းကလေးတွေကို ခေါ်လာပြီး လှလှပပ ပြင်ဆင်ပေးကာ ချမ်းသာတဲ့ အဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ကိုလည်း လုပ်ကြတယ်။ ဆင်မွန်ကတော့ မာရီဆိုတဲ့ မိန်းကလေးတစ်ယောက်ကို သူ့အနားမှာ ထားထားပါတယ်။ တစ်နေ့မှာ သူတို့လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်လံပစ်ခတ်လို့ အန်ဒရီ ဒဏ်ရာရသွားတယ်။ ဆင်မွန်က အန်ဒရီကို အိမ်ခေါ်လာပြီး ဆေးကုပေးရာက မာရီနဲ့ အန်ဒရီတို့ ဆုံမိသွားကြပါတယ်။ လူငယ်နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာ ဖြစ်လာတဲ့အခါ ဆင်မွန်က မနာလိုဖြစ်လာတယ်။ ဒါပေမဲ့ ဆင်မွန်ဟာ မိန်းကလေးထက် မိတ်ဆွေဖြစ်သူ အန်ဒရီကို ရွေးချယ်ခဲ့ပြီး အန်ဒရီကတော့ မာရီကိုပဲ ချစ်နေပါတယ်။

ဇာတ်လမ်းအကြောင်း