The Colors of Fire
ဘဏ်လုပ်ငန်းရှင်သူဌေးကြီး မာဆယ်ပယ်ရီကော့ရဲ့ စျာပနမှာ ဇာတ်လမ်းစပါတယ်။ အဲဒီစျာပနမှာပဲ သူ့မြေးဖြစ်တဲ့ ၁၁ နှစ်အရွယ် ပေါလ်က အဖိုးရဲ့အခေါင်းပေါ် ခုန်ချလိုက်တယ်။ ပေါလ် ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ ပေါလ်ရဲ့မိခင် မယ်ဒလင်းကလည်း ဖခင်မရှိတော့တဲ့နောက် အားကိုးရာမဲ့သွားပြီး စီးပွားရေးမှာ သစ္စာဖောက်ခံရကာ အမွေအားလုံးကို ဆုံးရှုံးသွားတယ်။ သစ္စာဖောက်သူတွေက တခြားသူတွေ မဟုတ်ဘဲ သူယုံကြည်ခဲ့တဲ့ အရင်းနှီးဆုံးလူတွေပါပဲ။ မယ်ဒလင်းဟာ သားနဲ့အတူ သာမန်လူတန်းစားဘဝမှာ ငါးနှစ်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီကာလတစ်လျှောက် သူ့ကို သစ္စာဖောက်ခဲ့သူတွေရဲ့ သတင်းကို မပြတ်လိုက်နေခဲ့တယ်။ သူစီစဉ်တဲ့ လက်စားချေမှု အောင်မြင်လာပါ့မလားဆိုတာကို တင်းမာလှုပ်ရှားမှုထက် အေးအေးငြိမ့်ငြိမ့် ဇာတ်ကြောင်းပြောတဲ့ပုံစံနဲ့ တင်ဆက်ထားပါတယ်။ ချစ်ခြင်းမေတ္တာကို ရှုထောင့်အမျိုးမျိုးကနေ မြင်နိုင်တဲ့ ဇာတ်ကြောင်းလည်း ပါဝင်ပြီး လူ့ဘဝမှာ ဖြစ်တတ်တဲ့ အကြောင်းတွေကို ကဗျာဆန်ဆန် ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း