ဇာတ်ကားများ ရွေးရန်

Ved

2022ဇာတ်ကားအမှတ် 8.0/10148 မိနစ်

ဒိုင်ကို လာဘ်ထိုးထားလို့ တစ်ဖက်သတ်အနိုင်ရနေတဲ့ ခရစ်ကတ်ပွဲတစ်ပွဲမှာ အရက်သမားတစ်ယောက်က Bluetooth ကနေတစ်ဆင့် ဝင်နည်းပြပေးလိုက်ပါတယ်။ အဲဒီနောက် ပွဲရလဒ်က ချက်ချင်း ပြောင်းပြန်ဖြစ်သွားတယ်။ ဒီအရက်သမားက ကျောင်းသားဘဝကတည်းက ခရစ်ကတ်ကို ရူးသွပ်ခဲ့တဲ့ ဆပ်တရာပါ။ ဆပ်တရာဟာ ခရစ်ကတ်ကို ကြိုးစားကစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်ခဲ့သူဖြစ်ပါတယ်။ အဲဒီအချိန်မှာ အချစ်ဦးနဲ့ တွေ့ဆုံခဲ့ပေမယ့် သူတို့နှစ်ယောက်ကြား မိဘအုပ်ထိန်းသူတွေ ဝင်ပါလာခဲ့တယ်။ ဒီအချစ်ရေး ဘယ်လိုဆက်ဖြစ်သွားမလဲ၊ ခရစ်ကတ်ကို ဒီလောက်ရူးသွပ်ခဲ့သူက ဘာကြောင့် ဆက်မကစားတော့တဲ့အထိ ပြောင်းလဲသွားတာလဲဆိုတာကို အချစ်သီချင်းတွေနဲ့အတူ ဇာတ်လမ်းဖော်ထားပါတယ်။ ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်မှာ ထွက်ရှိခဲ့တဲ့ မရာထီဘာသာစကားပြော ရုပ်ရှင်ဖြစ်ပြီး Genelia D'Souza ပါဝင်သရုပ်ဆောင်ထားသလို စယ်လ်မန်ခန်းလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ခဏ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း