Marvin's Room
Marvin လေဖြတ်ပြီး အိပ်ရာထဲ လဲသွားတဲ့အခါ သူ့ကိုပြုစုဖို့ တာဝန်က သမီးနှစ်ယောက်ဖြစ်တဲ့ Bessie နဲ့ Lee တို့ဆီ ရောက်လာပါတယ်။ ကိုယ့်အိပ်မက်တွေနောက် လိုက်ချင်သေးတဲ့အရွယ်မှာ လူမမာဖခင်ကို ပြုစုရမယ့်ကိစ္စနဲ့ ညီအစ်မနှစ်ယောက် စကားများကြတယ်။ နောက်ဆုံး အစ်မ Bessie က ဖခင်နဲ့အတူနေပြီး ပြုစုဖို့ ရွေးချယ်ခဲ့သလို ညီမ Lee ကတော့ ယောက်ျားနောက် လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်နှစ်ဆယ်ကြာ ဝေးကွာနေခဲ့ကြတဲ့ ညီအစ်မနှစ်ယောက် ပြန်တွေ့ဖို့ အကြောင်းဖန်လာတာက Bessie သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းကြောင့်ပါ။ အစ်မရဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုအတွက် ဆေးစစ်ခံဖို့နဲ့ တစ်ချိန်က မပြုစုချင်ခဲ့တဲ့ ဖခင်ကို ပြန်စောင့်ရှောက်ဖို့ Lee ဟာ သားနှစ်ယောက်နဲ့အတူ အိမ်ပြန်လာရပါတယ်။ Lee အတွက်တော့ အိမ်ပြန်ရောက်တာနဲ့ အရာရာ အဆင်ပြေသွားတာမျိုး မဟုတ်ဘူး။ တစ်ဖက်မှာ သူနဲ့အဆင်မပြေရာက အိမ်ကိုတောင် မီးရှို့ခဲ့တဲ့ သား Hank ရှိပြီး နောက်သားတစ်ယောက်ဖြစ်တဲ့ Charlie ကလည်း ငယ်သေးတယ်။ တစ်ဖက်မှာတော့ သွေးကင်ဆာဖြစ်နေတဲ့ အစ်မနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကို ပြုစုရဦးမယ်။ လူမမာတွေကို စောင့်ရှောက်ရမယ့်ဘဝထဲ ပြန်ရောက်လာတာကို Lee က အလွယ်တကူ လက်မခံနိုင်သေးပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေက ဒီမိသားစုဒရာမာမှာ Meryl Streep၊ Leonardo၊ Diane Keaton နဲ့ Robert De Niro တို့ ပါဝင်ထားပါတယ်။ မိသားစုကြားက အချင်းများမှုတွေ၊ ချစ်ခြင်းနဲ့ လွမ်းဆွတ်မှုတွေကို ဟာသအလွဲလေးတွေနဲ့ ရောပြီး တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း