Minari
IMDb Rating. = 7.7/10 Rotten Tomatoes. = 100% Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင်ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက်ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီးအမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကိုကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေးဟာ အတော်လှတယ်ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ရင်နာနာနဲ့ လှတာ။ သိပ်လှတဲ့အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်ကခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကိုကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာမသင့်ဘူး။ အနုပညာပစ္စည်းကိုခံစားရတာကြိုက်တဲ့လူတွေမှာသိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကိုတစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကိုဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှုပါးတယ်။ မသိမှုထည့်တာ ပါးတယ်။သုံးထားတဲ့ စကားလုံးတွေဟာလက်တွေ့ကျကျနဲ့သိပ်လှတယ်။ဇာတ်လမ်းက မိသားစုရဲ့အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်ကဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ်သိပ်လက်တွေ့ကျတယ်။အော်စကာ Best Picture ပြိုင်ဖို့ရဖို့တန်မတန်ဆိုတာပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်,ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက်ခံစားရပိုစစ်မှန်တယ်ဆိုတာကတော့ကျွန်တော်ရဲရဲကြီး အာမခံတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung
ဇာတ်လမ်းအကြောင်း