Lou
လူးရဲ့အဖေ ထွက်ပြေးသွားပြီးနောက် အသက် ၂၇ နှစ်ပဲရှိသေးတဲ့ အမေက လူမမယ်သမီးသုံးယောက်ကို တစ်ယောက်တည်း ရှာကျွေးနေရပါတယ်။ သမီးသုံးယောက်နဲ့ဆိုတော့ နောက်အိမ်ထောင်ပြုဖို့လည်း အဆင်မပြေဘူး။ ငွေကြေးကျပ်တည်းတဲ့အပြင် အကြွေးတွေပါ တင်နေလို့ အကြွေးရှင်တွေလာတိုင်း လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီး အိမ်မှာလူမရှိသလို နေကြရတယ်။ လူးနဲ့ အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပါပဲ။ တစ်နေ့တော့ လူးတို့ရဲ့အဘိုး အိမ်ကို ခဏလာနေဖို့ ဖြစ်လာပါတယ်။ အဘိုးက ထွက်ပြေးသွားတဲ့အဖေရဲ့အဖေဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူပါ။ ဂေဟာမှာ ကုတင်မလောက်တဲ့အတွက် နေရာတစ်ခု ရှာတွေ့တဲ့အထိ လူးတို့ဆီမှာ နေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်တာဖြစ်ပါတယ်။ လူးကတော့ သူတို့ကို မစောင့်ရှောက်ခဲ့တဲ့အဖေဘက်က မရင်းနှီးတဲ့အဘိုးကို လက်မခံချင်ဘူး။ အဘိုးကလည်း မှတ်ဉာဏ်တွေ ရောထွေးနေပြီး သူ့ကိုစွန့်ပစ်ကာ တခြားယောက်ျားနောက် လိုက်သွားတဲ့ ဇနီးကိုပဲ တမ်းတနေတယ်။ ဒီလိုနဲ့ မူလကတည်းက အဆင်မပြေမှုတွေရှိနေတဲ့ လူးတို့အိမ်ကို အဘိုးရောက်လာပါတယ်။
ဇာတ်လမ်းအကြောင်း