Fathers and Daughters
ဂျိတ်ဒေးဗစ်စ်က မတော်တဆမှုတစ်ခုမှာ ဇနီးကို ဆုံးရှုံးခဲ့ရပါတယ်။ ဦးနှောက်ထိခိုက်ဒဏ်ရာနဲ့ ဇနီးအတွက် ပူဆွေးရမှုတွေကြောင့် ခံစားလာရတဲ့ စိတ်ဝေဒနာကို ကုသဖို့ ချစ်ရတဲ့သမီးလေးနဲ့ ခွဲပြီး စိတ်ရောဂါကုဆေးရုံမှာ ခုနစ်လကျော် နေခဲ့ရတယ်။ သူ့ရဲ့စိတ်ဝေဒနာကို အခွင့်ကောင်းယူပြီး သမီးကို သူ့ဘဝထဲကနေ ဆွဲထုတ်ချင်သူတွေလည်း ရှိနေပါတယ်။ စာရေးဆရာအဖြစ် ကျရှုံးမှုတွေနဲ့ ရုန်းကန်ရချိန်မှာ သမီးနဲ့အတူ ရှေ့ဆက်ဖို့ ကြိုးစားရတဲ့ ဂျိတ်ရဲ့ဘဝကို သားအဖနှစ်ယောက်ရဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ တွဲဖော်ပြထားတာပါ။ တစ်ဖက်မှာတော့ နှစ်ဆယ့်ငါးနှစ်ကြာပြီးနောက် သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်ရဲ့ဘဝကို ပြထားပါတယ်။ ကိတ်က ရင်ထဲမှာ ဘာခံစားချက်မှမရှိဘဲ ဟာနေသလို ခံစားနေရသူပါ။ ဘယ်သူကမှ အတင်းလုယူသွားတာမဟုတ်ပေမယ့် ကိုယ့်ဆီက ပျောက်နေတဲ့ခံစားချက်တွေကို ပြန်ရှာနေရင်း ချစ်ရသူနဲ့ တွေ့လာပါတယ်။ အဲဒီအချိန်မှာ အတိတ်က နာကျင်မှုတွေထဲကနေ ကိတ် လွတ်မြောက်လာနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း