ဇာတ်ကားများ ရွေးရန်

Dasara

2023ဇာတ်ကားအမှတ် 6.5/10159 မိနစ်

ဗီရာလပိုင်ရွာမှာ နေထိုင်ကြသူတွေဟာ အရက်ကို ရိုးရာတစ်ခုလို မှတ်ယူထားကြတဲ့အထိ စွဲလမ်းကြပါတယ်။ မသောက်ရရင် အလုပ်အကိုင်ပျက်ပြီး ထိုင်မှိုင်နေကြတဲ့အတွက် ရွာထဲက ဆစ်ခ်ဘား အရက်ဆိုင်မှာလည်း ဝယ်သူတွေ မပြတ်ပါဘူး။ ဒီဘားရဲ့ ငွေကိုင်ရာထူးကတောင် တစ်ရွာလုံးက အလေးစားရဆုံး ရာထူးတစ်ခု ဖြစ်နေတယ်။ အဲဒီရွာက ဒါရန်နီ၊ ဆူရီနဲ့ ဗန်လာနီတို့ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ ဒါရန်နီက ဗန်လာနီကို ကလေးဘဝကတည်းက ချစ်နေခဲ့ပေမယ့် သူမနဲ့ ဆူရီတို့ ချစ်နေကြတာကြောင့် ကိုယ့်အချစ်ကို စွန့်လွှတ်ပြီး သူငယ်ချင်းနှစ်ယောက်အတွက်ပဲ ကြည့်ပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗန်လာနီရဲ့မိဘတွေက သူမကို တခြားသူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့ စီစဉ်လာကြတယ်။ ဒါရန်နီက ဆူရီကို ရွာကကျင်းပတဲ့ ခရစ်ကတ်ပြိုင်ပွဲမှာ ဝင်ပြိုင်စေပြီး ဘားရဲ့ ငွေကိုင်ရာထူးရအောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကျင်းပသူတွေက အနိုင်ရမယ့်သူကို ကြိုသတ်မှတ်ထားပြီးသားဖြစ်ကြောင်း သိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ ဆူရီတို့အသင်းအတွက် အခက်တွေ့လာတော့တယ်။ ဒီလိုစီစဉ်ထားတဲ့ ပြိုင်ပွဲမှာ သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ၊ လှည့်ကွက်တွေကို ကျော်ပြီး အနိုင်ရနိုင်ပါ့မလား။ Nani နဲ့ Keerthy Suresh တို့ ပါဝင်ထားတဲ့ Dasara ဟာ ဘတ်ဂျက် ၆၅ ကုဋေ သုံးစွဲထားပြီး ဝင်ငွေ ၁၁၅ ကုဋေ ပြန်ရခဲ့တဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း